ခေါသူးခီးကျေးရွာတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းများဆောင်ရွက်

ရှမ်းရွာသစ် အောက်တိုဘာ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ၊ ကလေးငယ်များ ကျန်းမာရေးအသိရှိစေရန် နှင့် ကူးစက်ရောဂါတို့မှ    ကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို လစဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ပိုင်းက ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စုရှိ ခေါသူးခီးကျေးရွာတွင် ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက် နှစ်နှစ်အောက် ကလေးငယ်များအား  အသည်းရောင် အသားဝါ(ဘီ) ရောဂါ၊ ပိုလီယို အကြော သေရောဂါ၊ မေးခိုင် ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်း အခြားအလိုက် ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း အသက်(၅)နှစ်အောက် ကလေးငယ်များအား  ကျန်းမာရေး စောင့်ရှောက် ပေးခြင်း၊ အစာအာဟာရအုပ်စု သိကောင်းစရာများအကြောင်း ဆွေးနွေးခြင်း၊ မကူးစက်တတ်သော ရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းတို့ကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)