ဟုမ္မလင်း အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စာကြည့်တိုက် ခေတ္တပိတ်ထားလျက်ရှိရာ Online မှတစ်ဆင့် စာအုပ် မိတ်ဆက်ခြင်း အစီအစဉ်ကို ယမန်နေ့ ညနေ(၃)နာရီခွဲက စာပေ အကြောင်းအရာများကို မျှဝေပေးခဲ့ကြ ကြောင်း သိရသည်။
ထိုသို့ ရိုက်ကူးတင်ဆက်ရာတွင် ဟုမ္မလင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးစီးဌာနမှ စာထောက်-၃ ဒေါ်နန်းမဉ္ဇူအေးက စာရေးဆရာမ မေကျော့ရှင် ရေးသားထားသည့် " ကလေးတို့ရေ လာကြ လာကြ (တတိယတွဲ) စာအုပ်ဖြစ်ပြီး ဆောင်းပါး (၂၅) ခုပါဝင်ပြီးကာ စာမျက်နှာ(၁၅၄)ပါရှိကြောင်းနှင့် စာပေချစ်သူ များအား ရည်ရွယ်၍ အသိပညာပေး မျှဝေပေးခဲ့ကြကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)