စေတုတ္တရာ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ ပညာရေးဌာနနှင့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အားကစားကွင်း၌ စတင် ကျင်းပပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲများကို အားကစားနည်း (၁၇)မျိုးဖြင့် စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ ကျောင်းသား/ ကျောင်းသူများနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အဆိုပါအားကစားပြိုင်ပွဲများကို ဇန်နဝါရီလ (၄)ရက်နေ့ ညနေပိုင်းအထိ ဆက်လက် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဇန်နဝါရီလ(၄)ရက်နေ့၌ ဆုများချီးမြှင့်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)