မြိုင် ဇွန် ၁၇
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြိုင်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက မူးယစ်ဆေးဝါးဆိုးကျိုးများကိုလည်းကောင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဖြိုးမွန်မွန်ထွန်းက လူငယ်နှင့် မူးယစ်ဆေးဝါး ကင်းဝေးရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြသည်။ အဆိုပါဟောပြောပွဲတွင် မူးယစ်ဆေးဆိုးကျိုးများ၊ မူးယစ်ကင်းစင်ပတ်ဝန်းကျင်နှင့် ကျောင်းသားလူငယ်များ မူးယစ်ကင်းစင်ရေး စသည့် နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခါနု