ကျိုက်မရော ဇွန် ၁၇
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အလယ်တန်းအဆင့် ရောင်စုံပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန(Community-Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စိတ်ကူးဉာဏ်ထက် မြက်ပြီးပန်းချီပညာကို လက်တွေ့အသုံးချတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား(၁၁)ဦးတို့ ပါဝင်ယှဥ်ပြိုင်ကြရာ ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)