အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေ များ လာရောက်လှူဒါန်း

အလုံ အောက်တိုဘာ ၉


ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ အ-ထ-က(၄) အလုံတွင် ဖွင့်လှစ်ထားသည့်  အသွားအလာ ကန့်သတ်စောင့်ကြည့်စင်တာသို့ ယနေ့ နံနက်ပိုင်းက အလှူငွေများ လာရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်နှင့် မိသားစုမှ အလှူငွေ(၅)သိန်းကျပ်၊ အ-ထ-က(၄)အလုံ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြကြည်မှ  အလှူငွေ(၂) သိန်းကျပ်၊ အလုံပင်မဓာတ်ခွဲရုံးဝန်ထမ်းများမှ အလှူငွေ ၁၅၅၀၀၀ ကျပ်တို့ကို  လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နှင့် အဖွဲ့ဝင် များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ သည်။                    
အလုံမြို့နယ်အတွင် အသွားအလာကန့်သတ်စောင့်ကြည့်စင်တာများကို   အ-ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါစင်တာများသို့  စေတနာရှင်အလှူရှင်များက အလှူငွေ၊ ကာကွယ်ရေးသုံးပစ္စည်းများ၊ စားသောက်စရာ များကို နေ့စဉ်မပြတ် လာရောက် လှူဒါန်း လျက်ရှိကြောင်း သိရသည်။        
တင်တင်ချို(အလုံ)