ထန်းတပင်မြို့၌ အထူးရဲသင်တန်း တက်ရောက်သူများအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေး

ထန်းတပင် (ပဲခူး) အောက်တိုဘာ ၉


၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ထန်းတပင်မြို့နယ်အတွင်း မဲရုံလုံခြုံရေး အတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ(၉၄)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက် ၇ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခြင်းမရှိ (မရှိ)ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်ရဲတပ်ဖွဲ့မှူး မြို့မရဲစခန်းမှူး သင်တန်းနည်းပြများ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်မွန်မွန်လင်း ဓာတ်ခွဲကျွမ်းကျင်(၃)မှ ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း တက်ရောက်နေသော ထန်းတပင်မှ သင်တန်းသား (၄၁)ဦး သင်တန်းနည်းပြ(၄)ဦးနှင့် ဇရပ်ကြီးကျေးရွာတွင် သင်တန်းသား (၅၃)ဦး သင်တန်းနည်းပြ (၅)ဦး စုစုပေါင်း(၁၀၃)ဦးတို့အား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ စစ်ဆေးမှုသည် ရောဂါပိုးရှိ/မရှိကို နာရီဝက်အတွင်း အဖြေသိရှိရပြီး ၎င်းသင်တန်း၌ တက်ရောက်ကြသည့် သင်တန်းသား(၉၄)ဦးနှင့် သင်တန်းနည်းပြ(၉)တို့တွင် ရောဂါပိုးမရှိကြောင်း (Negative)ဖြစ်ကြောင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)