ရွှေဘို ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယနေ့ နံနက် ၉ နာရီက (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပသည်။
ရှေးဦးစွာ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲတွင် ဟောပြောမည့်စာရေးဆရာ ဘာမထီခင်အောင်၏ ကိုယ်ရေးအကျဉ်းကို စာရေးဆရာ ရွှေစောသက်မှ ဖတ်ကြားခဲ့သည်။ ထို့နောက် စာရေးဆရာကြီး ဘာမထီခင်အောင်က မိမိတို့နိုင်ငံသည် ရှေးပဝေသဏီကတည်းက ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကျပြီး မိမိတို့နိုင်ငံကို နယ်ချဲ့များက ကျူးကျော်စစ် (၃) ကြိမ် ဆင်နွှဲ၍ သိမ်းပိုက်ခဲ့သောကြောင့် ၁၈၈၅ ခုနှစ်တွင် မြန်မှာတစ်နိုင်ငံလုံး သူကျွန်ဘဝရောက်ရှိခဲ့သည့်အကြောင်းများကို လည်ကောင်း၊ ထိုသို့ သူ့ကျွန်ဘဝမှ လွတ်မြောက်ရန်အတွက် လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့ရသည့်အကြောင်း အရာများကိုလည်ကောင်း ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို အလယ်တန်းဆင့်ကျောင်းသား/သူ (၉၅)ဦးတက်ရောက်ခဲ့ပြီး ယခုလို Community Center ခန်းမတွင် ပွဲများကျင်းပပေးရခြင်းမှာ မိမိတို့စာကြည်တိုက်သို့ ကျောင်းသား/သူများ ပိုမိုဝင်ထွက် သွားလာပြီး ကျောင်းစာအပြင် ပြင်ပအထွေထွေဗဟုသုတများ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော်မှ ပြောကြားသည်။
ထွန်းမြင့်အောင်(ရွှေဘို)