အရာတော် အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၀-ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ဆိုင်ရာ အသိပညာပေးစာစောင်များနှင့် ပိုစတာများပြသကာ ပြည်သူများအားအသိပညာပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေး စာစောင်တွင်"သင့်အမည် မဲဆန္ဒရှင် စာရင်း မှာ ပါ/ မပါ စစ်ဆေးပြီး ပြီလား"၊ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ၊ အွန်လိုင်းမှတဆင့် မဲပေးနည်းလမ်းများ၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာပါ၊သင်၏ပတ်ဝန်းကျင်ကိုဘေးကင်း လုံခြုံစေပါ ၊ဆန္ဒမဲမပေးခင် သင်ကူညီဆောင်ရွက်နိုင်သည့် အချက်များ၊ မဲရုံအတွင်း ဘေးကင်း လုံခြုံမှုရှိစေရန် သင်ကူညီဆောင်ရွက်နိုင်သည့် အချက်များ၊ ဘေးကင်းလုံခြုံသော ဆန္ဒမဲ ပေးမှုအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နှင့်မဲရုံအဖွဲ့ဝင်များမှ ကူညီဆောင်ရွက် နိုင်သည့်အချက်များ စသည်တို့ပါဝင်သည့် ရွေးကောက်ပွဲဆိုင်ရာများ အသိပညာပေး အကြောင်း အရာများကို ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန်အတွက် ပြသထားကြောင်း သိရသည်။
နွယ်နီမြင့်(မြို့နယ် ပြန်/ဆက်)