မင်္ဂလာဒုံ အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံ မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ YBS ယာဉ်လိုင်းများမှ လွဲ၍အခြားမည်သည့်ယာဉ်မှ ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ နယ်ကျော်ဝင်ရောက် ဖြတ်သန်းသွားလာမှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိ/ မရှိစစ်ဆေးခြင်းကို စက်တင်ဘာ၂၄ရက်နေ့မှစတင်၍ နေ့စဉ် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများ ၊ မြို့နယ်ရဲမှူး အပါလွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ ၊မြို့နယ်စည်ပင် ၊မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီအချိန်က မင်္ဂလာဒုံမြို့နယ်တွင် Stay at Home ကာလအတွင်း ပြည်သူများ မိသားစု ကျန်းမာရေးနှင့်စားသောက်ရေး ဈေးဝယ်ခြင်းကိစ္စများမှ လွှဲ၍ မလိုလားအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်းများ မရှိစေရေး စက်ဘီး၊ဆိုင်ကယ်၊ မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးခြင်း၊ ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ မည်သည့်ယာဉ်မှ နယ်ကျော်ဖြတ် သန်းသွားလာမှုမရှိ စေရေးကို ထောက်ကြန့်ဂိတ်ဟောင်းမှတ်တိုင် ၊ ရန်ကုန်- ပဲခူးလမ်းမပေါ် အမှတ် (၃) လမ်းဆုံတွင် စစ်ဆေးခြင်းကိုအရှိန်အဟုန်မြှင့်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဇင်ငြိမ်း(ပြန်/ဆက်)