ကော့ကရိတ် ဖေဖော်ဝါရီ ၁
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွဲ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကော့ကရိတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းမှ အမှာ စကားပြောကြားရာတွင် ပေးအပ်သည့် ငွေကြေးများကို ငွေစာရင်းဆိုင်ရာ ကိစ္စများ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်သွားကြရန်၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူနဲ့ ထိတွေ့ဆက်ဆံမှုများများရှိမှ ကျေးရွာလိုအပ်ချက်ကိုသိနိုင်မှာဖြစ်ကြောင်း၊ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းမှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကဆောင်ရွက်ပေးသည့်လုပ်ငန်းများကို အုပ်ချုပ်ရေးမှူးများမှ စေတနာ ထက်သန်စွာဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျေးရွာအတွက် လိုအပ်သည့်ကိစ္စများကို တင်ပြစေလိုကြောင်း၊ ရပ်ရွာလူထုနှင့်လည်းထိတွေ့ဆက်ဆံမှုများမှ လိုအပ်ချက်များကို သိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ချပေးသည့်ဘတ်ဂျက်ငွေများကို မှန်မှန် ကန်ကန် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခြင်း၊ ကျေးရွာအလိုက် လိုအပ်ချက်ရှိသည့် လမ်းတံတား စာသင်ကျောင်း ဝန်ထမ်းအိမ်ရာများအတွက် ကဏ္ဍအလိုက် ကျေးရွာအုပ်စု(၂၈)အုပ်စုအတွက် လုပ်ငန်း(၃၅)ခုဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၇၅၀)အား တာဝန်ရှိသူများက ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူကြကြောင်း သိရှိရသည်။
စိုးထက်အောင်(ပြန်ဆက်)