ချောင်းဆုံ မတ် ၁၉
ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ နှင့်ပတ်သက်ပြီး မွန်ပြည်နယ် ချောင်းဆုံ မြို့နယ်အတွင်း လူစည်ကားရာနေရာများဖြစ်သည့် ချောင်းဆုံမြို့ပေါ်ရုံးဌာနများနှင့် ချောင်းဆုံအရှေ့၊ အနောက်၊ တိုးချဲ့ရပ်ကွက်များရှိ ပြည်သူများအား ရောဂါကြိုတင်ကာကွယ်ခြင်းနှင့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်ပညာပေးခြင်း ပိုစတာများကို ယနေ့နံနက်က မြို့နယ်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနဦးစီးအရာရှိ ဒေါက်တာအောင်ချမ်းငြိမ်းနှင့် ဝန်ထမ်းများက မြို့ပေါ်ရုံးဌာနများနှင့် ရပ်ကွက်နေပြည်သူများအား အဆုတ်ရောင်ရောဂါကြိုတင် ကာကွယ်ခြင်းနှင့် ပြင်ဆင်မှုနည်းလမ်း များအား အသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်စာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထူးအိမ်(ပြန်/ဆက်)