(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးကျောက်တိုင် ဖွင့်လှစ်ပွဲနှင့် ဧရာမော်ပန်းခြံဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

 ရွှေတောင်    ဇန်နဝါရီ    ၄ 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ လွတ်လပ်ရေးကျောက်တိုင်တွင် ယနေ့ နံနက်ပိုင်းက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပသည်။ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော  (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ တို့တွင် ဆုရကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)