ကော့မှူး ဇန်နဝါရီ ၄
လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်နှင့်မြို့ပြ နည်းပညာကွာခြားမှုကို လျော့ချစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တို့ပူပေါင်း ဖွင့်လှစ်မည့် အခမဲ့ အခြေခံ ကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၇ရက် နံနက် ၉ နာရီတွင် စတင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ တက်ရောက်လိုသူများ အနေဖြင့် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် လာရောက်စာရင်းပေးသွင်းနိုင်ပြီး လူကိုယ်တိုင်လာရောက် စာရင်းမပေးနိုင်သော သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဖုန်း (၀၉.၉၇၇၆၁၅၃၄၉)သို့ ဆက်သွယ်၍ စာရင်းပေး သွင်းနိုင်ကြောင်း နှင့် သင်တန်းကာလမှာ နှစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)