လဟယ် အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀-၂ဝ၂၁ ဘဏ္ဍာနှစ် အတွက် ဒေသပေါက်ဈေးနှုန်း ထားသတ် မှတ်ရန် ဒေသအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)န ာရီအချိန်တွင် နာဂဦးစီးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပါခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နာဂဦးစီးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူက ဖြည့်စွက်မှာကြားကာ တက်ရောက်လာကြ သော ဒေသအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အင်ဂျင်နီယာများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဒေသပေါက်ဈေးနှုန်းထားများကို အတည်ပြုနိုင်ရေးအတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ရှားဆက်(လဟယ်ပြန်/ဆက်)