သံတောင်ကြီး အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ရွှေညောင်ပင်ကျေးရွာ စနေကုန်းတွင် မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်က ရွှေညောင်ပင်ကျေးရွာ နှစ်ခြင်း ဘုရားကျောင်းခန်းမတွင် ပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း၊ မြို့နယ် လျှပ်စစ်မှူး ဦးနေဇင်ထွန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး မီးလင်းရေးနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း၊ မြို့နယ်လျှပ်စစ်မှူး ဦးနေဇင်ထွန်း၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း တို့က အမှာစကားအသီးသီး ပြောကြားခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ ရွှေညောင်ပင်ကျေးရွာ စနေကုန်းတွင် လျှပ်စစ်မီးရရှိရန် အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ( ၃၃ ) ကေဗွီ ဓါတ်အားလိုင်း နှင့် (၂၀၀) ကေဗွီ ထရန်စဖော်မာ (၁) လုံး ပံ့ပို့ပေးခြင်း ၊ ဟိန်းအီလက်ထရောနစ်မှ ကျေးရွာအတွင်း လျှပ်စစ်မီးဖြန့်ဖြူးနိုင်ရန် အတွက် လှူဒါန်းငွေ ကျပ်သိန်း(၉၀) ၊ ကျေးရွာ၏မြစိမ်းရောင်အတိုးရငွေကျပ်သိန်း(၃၀) တို့ဖြင့် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။
မြို့နယ်(ပြန်/ဆက်)