သုံးခွမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းနည်းပြများနှင့် သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိစစ်ဆေး

သုံးခွ အောက်တိုဘာ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် အထက(၂)ကျောင်းတွင် ဖွင့်လှစ်ထားသော ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းတက်ရောက်နေသည့် သင်တန်းနည်းပြနှင့် သင်တန်း သားများအား ယမန်နေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးအတည်ပြု ရယူရန် အတွက် Test kit ရယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ချထား မည့် အထူးရဲ(၆၈)ဦးနှင့် သင်တန်းနည်းပြများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိ နိုင်ရန် အတွက် Test kit ဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းအား အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက် နေ့ အထိ (၂၈)ရက်ကြာ သင်ကြားပို့ချ ပေးလျက်ရှိပြီး သင်တန်းတက်ရောက်စဉ် သင်တန်း စည်းကမ်းများနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထား သော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ပို့ချလျက်ရှိကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်