စေတုတ္တရာ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား (CERP) အစီအစဉ် အရ မျိုးစေ့ထုတ်စိုက်ခင်းများဆောင်ရွက်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက ဘူးကျေးရွာအုပ်စုရှိ ဧရာမင်းစပါး မျိုးစေ့ထုတ် စိုက်ခင်းဧက (၄၀) တွင် ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်း နှင့်မြေဩဇာကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက မျိုးစေ့ ထုတ် စိုက်ခင်းတောင်သူများအား မျိုးကွဲနုတ်ပယ်သည့်နည်းစနစ်များ၊ အပင်ဖြစ်ထွန်းမှု အခြေအနေ၊ ပိုးမွှား ကျရောက်မှု ရှိ/မရှိ ကြည့်ရှု့စစ်ဆေးသည့် နည်းလမ်း များကို ရှင်းလင်းပြောကြား ကာ မျိုးစေ့ထုတ်စိုက်ခင်း များအား စိုက်ခင်းတောင်သူများနှင့်ပူးပေါင်း၍ မျိုးကွဲနုတ်ပယ်ခြင်း များနှင့် မြေဩဇာကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ခြင်းဖြင့် တောင်သူများအနေဖြင့် မျိုးကောင်း မျိုးသန့် သုံးစွဲနိုင်ခြင်း၊ ထွက်ရှိလာသည့် ဆန်အရည်အသွေးကောင်းမွန်ခြင်းနှင့် ဈေးကောင်းရရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး စေတုတ္တရာမြို့နယ်အတွင်း၌ ကိုဗစ်-၁၉စီးပွားရေး ကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀)စိုက်ပျိုးဆောင်ရွက်ခဲ့ရာ မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)