ခရမ်းမြို့၌ ကိုဗစ်ကာလ အခြေခံပြည်သူများအား ပြည်သူမှ ပြည်သူသို့ စားသောက်ကုန်ပစ္စည်းများ ဒုတိယအကြိမ်ထောက်ပံ့

ခရမ်း အောက်တိုဘာ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကိုဗစ်ကာလ စားဝတ်နေရေးအခက်အခဲရှိသော သက်ကြီး အဖိုးအဖွားများနှင့် အခြေခံပြည်သူ များအား  ခရမ်းမြို့နယ်နေ မြို့နယ်သူ/မြိုနယ်သားများနှင့်  အဝေးရောက် ခရမ်းဇာတိဖွားများ၏ စုပေါင်းလှူဒါန်းမှုဖြင့်  တစ်အိမ်ထောင်လျှင် ဆန်(၁၂)ပြည်၊ ဆီ(၅၀) သား တစ်ဘူးအား နေအိမ်များသို့ ယမန်နေ့က ဒုတိယအကြိမ်အဖြစ် ကျန်ရှိအိမ်ထောင်စုဝင်များအား လိုက်လံလှူဒါန်း ပေးခဲ့ကြသည်။

အဆိုပါလှူဒါန်းမှုကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက အိမ်တိုင်ရာရောက်  ထောက်ပံ့လှူဒါန်းပေးခဲ့ကြကြောင်း သိရှိရသည်။

လှူဒါန်းမှုများမှာ ခရမ်းမြို့အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စု(၁၇၀)စု၊ အမှတ်(၂)ရပ်ကွက်မှ အိမ်ထောင်စု(၂၀၀)စု၊ အမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စု(၂၀၀)စု၊ အမှတ်(၅)ရပ်ကွက်မှ အိမ်ထောင်စု (၄၀)စု၊ အမှတ်(၆)ရပ်ကွက်မှ အိမ်ထောင်စု(၁၁၅)စု၊ အမှတ်(၇)ရပ်ကွက်မှ အိမ်ထောင်စု (၃၃၀)စု၊ အမှတ်(၈)ရပ်ကွက်မှ အိမ်ထောင်စု (၁၇၀)စု၊ အမှတ်(၉)ရပ်ကွက်မှ အိမ်ထောင်စု (၃၁၂)စု၊ အမှတ်(၁၀) ရပ်ကွက်မှ(၁၇၀)စု၊ အမှတ် (၁၁)ရပ်ကွက်မှ အိမ်ထောင်စု (၂၅၀)စု၊ အမှတ်(၁၂)မှ အိမ်ထောင်စု(၁၃၂)စု၊ စုစုပေါင်းအိမ်ထောင်စု(၂၂၈၉)စုနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နေ့စားဝန်ထမ်း (၂၃)ဦးတို့အား  တစ်အိမ်ထောင်လျှင် ဆန်(၁၂)ပြည်၊ ဆီ(၅၀)သားဘူး တစ်ဘူးတို့အား ဒုတိယအကြိမ်အဖြစ် ရပ်ကွက် အတွင်း နေအိမ်များသို့ လှည့်လည်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း(ခရမ်း)