မင်းကင်း အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ နယ်ဆည်ချောင်းကျေးရွာတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ရေမြှုပ်ခံ စမ်းသပ်ကွက် Data ကောက်ယူခြင်းနှင့် CERP အစီအစဉ် ဖြင့် စိုက်ပျိုးထားသော မိုးစပါး ဆင်းသုခ စိုက်ကွက် မျိုးကွယ် ပေါင်းရှင်းခြင်းကို ယမန်နေ့ နံနက် ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေမြှုပ်ခံ စမ်းသပ်ကွက် Data ကောက်ယူခြင်းကို တောင်သူဉီးကျောက်ခဲ၏ လယ်မြေတွင် လည်းကောင်း၊ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး ဆင်းသုခ ပယ်ပေါင်းရှင်းခြင်းတို့ကို တောင်သူဉီးမောင်လွင်၏ စိုက်ကွက်တွင်လည်းကောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဒေါ်ခင်သန်းနွယ်နှင့်ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းကင်းမြို့နယ် အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သော တောင်သူများအား မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်း စနစ်ပညာပေးခြင်း၊ မျိုးကွဲပယ်ခြင်းလုပ်ငန်း၊ ပိုးမွှားများ ကျရောက်မှု မရှိစေရန် ကာကွယ်နည်းများ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အသိပညာများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
မေသက်(ပြန်/ဆက်)