တွံတေး အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ အများပြည်သူသိရှိနိုင်ရေး ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများအား ပြည်သူများ ထည်ထည်ဝင့်ဝင့်သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက တွံတေး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်−၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများ ပြသခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါမြေစိုက်နံရံကပ်စာစောင်တွင် မီဒီယာနှင့်သတင်းအချက်အလက်များ သိရှိနားလည်မှုရှိသော မိဘ အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်−၁၉ ရောဂါ ဆိုင်ရာအချက် အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်း လုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့်အကြောင်း အရာများ ပါဝင်သော UNESCO မှ ပေးပို့လာသော ကိုဗစ်−၁၉ ကူးစက်ဖြစ်ပွားမှုများနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံ (၁၈)ပုံကို ပြည်သူ များ သိရှိလေ့လာနိုင်ပြီး လိုက်နာဆောင်ရွက်ရန် စေရန်ပြသ ဆောင်ရွက်ခဲ့သည်။
မျိုးလှိုင်(တွံတေး)