အနှေးယာဉ်လုပ်သားများအဖွဲ့မှ အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာသို့ အလှူငွေ (၁၅၀၀၀၀)လှူဒါန်း

အလုံ   အောက်တိုဘာ ၁၄


ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၄)အလုံ  အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာသို့ ယနေ့ နံနက်ပိုင်းက အနှေးယာဉ်လုပ်သားများအဖွဲ့မှ အလှူငွေ များ လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် အလုံမြို့နယ်စောရှေ့ရပ်ကွက်၊ အေးလမ်းထိပ်ရှိ အနှေးယာဉ် လုပ်သားများအဖွဲ့မှ       အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအတွက် နံနက်၊နေ့လည်စာနှင့် ညစာများအတွက် အလှူငွေကျပ်( ၁၅၀၀၀၀) ကို လှူဒါန်းရာ အလုံမြို့နယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့် နှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အသွားအလာကန့်သတ်စောင့်ကြည့် နေရာများကို အ−ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွား အလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက နေ့စဉ်အလှူငွေ၊ ကာကွယ်ရေး သုံးပစ္စည်းများနှင့် စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်း လျက် ရှိကြောင်းသိရသည်။
တင်တင်ချို(အလုံ)