ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦး ဆေးရုံဆင်းခွင့်ရ

ရေနံချောင်း အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦးမှာ ကျန်းမာရေးကောင်းမွန်သည့်အတွက် ယမန်နေ့က မြို့နယ်ဆရာဝန်ကြီးက ဆေးရုံဆင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးဆပ်ကော်မတီ သတင်းမှန်ပြန်ကြားရေးအဖွဲ့က သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အောက်တိုဘာ ၉ ရက်နေ့က ထုတ်ပြန်သည့် ရေနံချောင်းမြို့ နယ်မှ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦးအနက် ဆေးရုံဆင်းခွင့်ရ အတည်ပြု လူနာ ၇ ဦးမှာ သပွတ်စုကျေးရွာမှ အမျိုးသား ၄ ဦး၊ ညောင်ပင်ကား ကျေးရွာမှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး နေအိမ်တွင် ၇ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့် သွားမည် ဖြစ်ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅ ဦးတွေ့ရှိခဲ့ပြီး ယနေ့အထိ ဆေးရုံဆင်းခွင့်ရရှိသူ ၁၂ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကိုစိုးကြီး