ဇီးကုန်းမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းဆောင်ရွက်

ဇီးကုန်း အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား  စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မိုးဦးက ကြိုတင်ဆန္ဒမဲပုံးများ အား ချိတ်ပိတ်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာ သူများ နှင့်  နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများရှေ့တွင် မဲပုံးအားစစ်ဆေး၍ လုံခြုံရေးကြိုး များဖြင့် ချိတ်ပိတ်ခဲ့ကြသည်။
ဇီးကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယနေ့ အချိန်အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅၆၁၀၃) ဦးရှိ၍ မဲဆန္ဒနယ်ပြင်ပ(ပြည်ပ) မဲဆန္ဒရှင (၈၃)ဦး၊ မဲဆန္ဒနယ်ပြင်ပ(ပြည်တွင်း) မဲဆန္ဒရှင်(၁၂)ဦး စုစုပေါင်း(၉၅)ဦး ရှိကြောင်းနှင့် ဇီးကုန်းမြို့နယ် တွင် မဲရုံပေါင်း (၅၅)ရုံဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)