ကျွန်းလှ အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့် အထူရဲသင်တန်း သားများကို Antigen Rapid Diagnostic TeskKit ဖြင့် ကိုဗစ်ရောဂါပိုး ရှိ မရှိစစ်ဆေးပေးခြင်းကို ယနေ့နံနက်(၉)နာ ရီအချိန်က သင်တန်းတည်ရှိရာသစ်ရာမြိုင်အထကကျောင်းတွင် ဆောင်ရွက်ပ ေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မိုးဆန်းနှင့် ကျန်းမာ ရေးဝန်ထမ်း (၄) ဦးက အထူးရဲသင်တန်းသား (၉၁) ဦးနှင့် အုပ်ချုပ်သူနည်းပြ (၇) ဦးတို့ကို စစ်ဆေးဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထိန်လင်း( IPRD)