ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း‌ရှိ ဈေးများတွင် နှာခေါင်းစည်း (Mask)များတပ်ဆင်ရေး စစ်ဆေး မှုများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ဒဂုံမြောက် အောက်တိုဘာ ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask)မတပ်သူများအား စစ်ဆေးအရေး ယူခြင်းကို  မြို့နယ်အတွင်းရှိ အမှတ်(၃၂)ရပ်ကွက် ပျံကျဈေးနှင့် (၃၀)ရပ်ကွက် ဒဂုံရွှေပြည်စျေး၊ (၄၈)ရပ်ကွက် ဖြိုးစပယ်ပျံကျစျေးတို့၌ ယနေ့ နံနက်   နာရီက အရှိန်အဟုန်မြှင့်စစ်ဆေး ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ပါးစပ်၊ နှာခေါင်းစည်း (Mask)မတပ်သူများအား စစ်ဆေးကြပ်မတ်အရေးယူခြင်းကို မြို့နယ်  ကိုဗစ်-၁၉ ရောဂါ အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှ   အဖွဲ့နှစ်ဖွဲ့ခွဲကာ ပါးစပ်နှာခေါင်းစည်း (mask) တပ်ဆင်ထားခြင်း မရှိသော စျေးရောင်းချသူများနှင့် စျေးဝယ်လာ သူများအား ပါးစပ်၊နှာခေါင်းစည်း(mask)တစ်ခုလျင် နှစ်ရာကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ရာ အရေးယူခြင်းခံရသူ (၂၁)ဦး ရှိကြောင်းသိရသည်။

ထိုသို့စစ်ဆေးအရေးယူရာတွင် ပါးစပ်၊ နှာခေါင်းစည်း(mask) တပ်ဆင်မလာသူများအား အပြင် ထွက်တိုင်း  Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များ အား လိုက်နာ ဆောင်ရွက်ရန် ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။ 

မြင့်မြင့်ရီ(ပြန်/ဆက်)