လှိုင်မြို့နယ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်စင်တာများသို့ နေ့လည်စာနှင့် ညနေစာများ လာရောက်လှူဒါန်း

လှိုင်  ​အောက်တိုဘာ   ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများ ဖြစ်ကြသည့် Quarantine Center(၅)ခုရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့နံနက်ပိုင်းက ​နေ့လည်စာနှင့် ည​နေစာထမင်းဘူးများ လာရောက်လှူဒါန်း ခဲ့ပါသည်။   

ထိုကဲ့သို့ လာ​ရောက်လှူဒါန်းရာတွင် Royal Heart Foundation (တော်ဝင်နှလုံးသားဖောင်ဒေးရှင်း) မှ လှိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထား​သော Hlaing Quarantine Center များတွင် Quarantine ဝင်ရောက်နေသူ များနှင့် Volunteers စုစု​ပေါင်း(၄၀၀)ဦး အတွက် နေ့လည်စာနှင့် ညနေစာထမင်းဘူးများအား အာဟာရဒါနအဖြစ် လှိုင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးရုံးသို့ လာ​ရောက်လှူဒါန်းခဲ့ခြင်းဖြစ်၍ လှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ လှိုင်မြို့နယ်အုပ်ချုပ်​​ရေးမှူး ဦးကျော် သက်ဝင်းက လက်ခံရယူခဲ့သည်။ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့် စင်တာများကို အမက(၂၆)၊ အလက (၅)၊ လှိုင်တက္ကသိုလ်နယ်​​မြေရှိ​ မေခ​ဆောင်၊ ဒူးယား​ဆောင်၊ ဇွဲကပင်​ဆောင် တို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက နေ့စဉ်အလှူငွေများ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)