ရန်ကင်းမြို့နယ် ကိုဗစ် -၁၉ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေနှင့် အစားအသောက်များ လာရောက်လှူဒါန်း

ရန်ကင်း အောက်တိုဘာ ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော Quarantine Centre များရှိ လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန် အတွက် မြို့နယ်ကိုဗစ် -၁၉ ကော်မတီ သို့ အလှူငွေနှင့် အစားအသောက် များကို ယနေ့နံနက်(၁၀)နာရီအချိန်က လာရောက်လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။

ထိုသို့လှူဒါန်းရာတွင် ရန်ကင်းမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် နှင့် မောင်နှစ်မတစ်စုက အလှူငွေကျပ်(၁၀)သိန်းကျပ်အား လည်းကောင်း၊ ဦးအေးမင်း+ဒေါ်နီလာကျော် မိသားစုမှ အ.ထ.က(၁)  Quarantine Centre ရှိ စောင့်ကြည့်လူနာများနှင့် စေတနာ့ဝန်ထမ်းများ အတွက် နေ့လယ်စာ ထမင်းကြော်(၁၀၀)ဘူးလည်းကောင်း လာရောက် လှူဒါန်းခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဇင်မာအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမောင်မောင်တို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခင်လေး(ပြန်/ဆက်)