ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ဘုတလင် အောက်တိုဘာ  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အဝေးရောက် ဘုတလင်မြို့နယ်ဇာတိသားများ၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အလှူရှင်များက အလှူငွေများကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ဘုတလင်မြို့နယ်အသင်း(ရန်ကုန်)မှတစ်ဆင့် အဝေးရောက် ဘုတလင်မြို့နယ် ဇာတိ သားများက အလှူငွေကျပ် ၁၅ သိန်း၊ အုတ်ဖိုတောင် ကျောက်ထုတ်လုပ်ငန်းရှင်များအသင်းက အလှူ ငွေကျပ် ၁၀ သိန်း၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် ဝန်ထမ်းများက အလှူငွေ ကျပ်တစ်သိန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းက အလှူငွေ ကျပ်တစ်သိန်းတို့ကို ပေးအပ်လှူဒါန်းရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟံထွန်းနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်တို့က လက်ခံရယူခဲ့ကြသည်။

ဘုတလင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ အဝေးရောက် ဘုတလင်မြို့နယ်ဇာတိသားများနှင့် အလှူရှင်များက စုစုပေါင်း လှူဒါန်းငွေ ကျပ် ၂၇ သိန်းကို လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)