အရာတော် အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို မုံရွာခရိုင်၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း ကြည့်ရှုရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ ယာဥ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဝင်များ ပူးပေါင်း၍ မြို့အဝင်ကျန်းမာရေးစစ်ဆေးဂိတ်မှ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ခရီးသွား မှတ်တမ်း ရယူခြင်း၊ ခရီးသွားထောက်ခံစာ၊ ကျန်းမာရေးထောက်ခံစာပါမပါ စစ်ဆေးနေမှုများ၊ ရွှေဘို -အရာတော်-မုံရွာ လမ်းတစ်လျှောက် ဖြတ်သန်းသွားလာနေကြသူများအား နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွား လာကြရေး (Mask Campaign)ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးအသိပညာပေးခြင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
နွယ်နီမြင့်