စမ်းချောင်းမြို့နယ်ရှိ ကန့်သတ်စောင့်ကြည့်ရေး စင်တာများတွင် အသုံးပြုရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

စမ်းချောင်း အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ် အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာများတွင် အသုံးပြုနိုင်ရန် လိုအပ်သည့် အသုံး အဆောင်ပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ်အဖြစ် လှူဒါန်းမှုကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီသို့ လာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများနှင့် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် ခေါင်းအုံး၊ ခြင်ထောင်၊ ဂွမ်းကပ်စောင်၊ အိပ်ယာခင်းဖျာ အစုံ ၅၀၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက် ၅၀ စုံစီ၊ ၂၄ လီတာဆံ့ အမှိုက်ပုံး ၆ ပုံး တို့ကို ပေးအပ်လှူဒါန်းခဲ့ကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကိုဗစ် အထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ခင်ချောစုဝင်း (ပြန်/ဆက်)