ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပုဇွန်တောင် အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ထွေ/အုပ်ရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက်၁၁နာရီခွဲ အချိန်က ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ အစည်းအဝေးတွင် ပုဇွန်တောင်မြို့နယ်အတွင်း ပိုးတွေ့လူနာများနှင့် ဆက်စပ်သည့် Contact လူနာများအား ထားရှိရန် အ.လ.က (၂) တွင် Quarantine Centre အသစ်ထပ်မံ ဖွင့်လှစ်ရာတွင် လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် ပုဇွန်တောင်မြို့နယ်ရှိ Quarantine Centre (၃)ခုတွင် မိမိတာဝန်ကျသည့် နေ့ရက်များတွင် ဌာနဆိုင်ရာ အကြီးအကဲများမှ ကြီးကြပ်ပေးရန် Quarantine Centre ရှိနေစဉ် ဆောင်ရွက်မှုများကို မြို့နယ် ထွေ/အုပ် သို့ အချိန်နှင့်တပြေးညီ တင်ပြရန် ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

နေခြည်(ပြန်/ဆက်)