လှည်းကူးမြို့နယ်၌ နှာခေါင်းစီး (Mask) တပ်ဆင်နိုင်ရေး Mask Campaign ဆောင်ရွက်

လှည်းကူး  အောက်တိုဘာ ၁၄

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း နှာခေါင်းစီး(Mask) တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို အောက်တိုဘာ(၁၄)ရက် နံနက်(၈)နာရီက လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာနေရာများ မြိုမဈေးအဝင်/အထွက် အပေါက်နေရာနှင့် လှည်းကူးတာဆုံ မီးပွိုင့်နေရာများတွင် အဖွဲ့များခွဲ၍ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းတို့ ဦးဆောင်၍ ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဝင်များ၊ ဈေးကော်မတီဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာနေရာဖြစ်သော လှည်းကူးမြို့မဈေး အဝင်/အထွက်အပေါက် နေရာနှင့် တာဆုံမီးပွိုင့်နေရာတို့၌ ကိုဗစ်-၁၉ ကူးစက်ကာလအတွင်း နေအိမ်ပြင်ပထွက်ခွာသွားလာသူများအား နှာခေါင်းစီး(Mask)များ တပ်ဆင်ပြီးမှ အပြင်ထွက်စေရန်နှင့် ဈေးသူဈေးသားများအား နှာခေါင်းစီး (Mask)များ တပ်ဆင်ပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်စေရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)