ရွှေကျင်မြို့တွင် ကလေးအလုပ်သမားလျှော့ချ‌ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေကျင် ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (တပ်နယ်)ကျောင်း ပညာအလင်းရောင်ခန်းမ တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားလျှော့ချ‌ရေး အသိပညာပေးဟောပြောပွဲကို ယနေ့  မွန်းလွဲ (၁) နာရီခွဲအချိန်က ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွယ်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြုံးပြုံးရီက ကလေးလုပ်သားဆိုတာ ဘာလဲဆိုသည့် အကြောင်းအရာများ၊ ကလေးလုပ်သားဘယ်လို ပေါ်ပေါက်လာသည်ဆိုသည့် အကြောင်းအရာများကို ဟောပြောပေးခဲ့ပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဒေါ်သဲစုအောင်က ကလေးလုပ်သားများကို မည်သို့ဖြေလျှော့ရမည့် နည်းလမ်းများအကြောင်း၊ ကလေးလုပ်သားများ၏ လုပ်ငန်းခွင်အန္တရာယ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်ရုံးမှ ထုတ်ဝေသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ကလေးအလုပ်သမား‌လျှော့ချရေး အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)