ကနီ အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ခုံကြီးအုပ်စု၊ ပါဟဲမြောက်ရွာမှ ပြည်သူ(၆)ဦး သည် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန သို့ ရှေးဟောင်း သံခေတ်နှင့်ကြေးခေတ် လက်နက်များ အပ်နှံခဲ့ကြောင်း သိရသည်။
ထိုသို့ အပ်နှံရာတွင် ပါဟဲမြောက်ရွာနေ ဦးမောင်ဝင်းက သံခေတ် သံလက်နက်(၉)ခုကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံခဲသဖြင့် ချီးမြှင့် ငွေကျပ် ၂၅၁၅၁ဝိ/- (ကျပ်နှစ်သိန်းငါးသောင်း တစ်ထောင်ငါးရာ တစ်ဆယ်) နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်း၊ ဦးအောင်သူမှ သံခေတ်သဲလက်နက် (၂) ခုနှင့် ပုတီးစေ့ (စိမ်းပြာ) (၂) စေ့အပ်နှံသည့် အတွက် ငွေကျပ် ၉၁၁၅ဝိ/- (ကျပ်ကိုး သောင်းတစ်ထောင်နစ်ရာ့ငါးဆယ်) ကို၎င်း၊ ဦးချိုထွန်းမှ သံခေတ်သံလက်နက်(၂) ခုအပ်နှံသည့်အတွက် ငွေကျပ် ၁၀၇၉၅၅/-( ကျပ်တစ်သိန်း ခုနစ်ထောင့်ကိုးရာငါးဆယ့်ငါး)ကို၎င်း၊ ဦးဘိုမြင့်မှ သံခေတ် သံလက်နက် (၅)ခု ကျောက်ပုတီးစေ့ အနက်ကြား(၁)စေ့ လှူဒါန်းခဲ့သည့်အတွက် ငွေကျပ် ၃၄၂၅၄ဝိ/- (ကျပ်သုံးသိန်း လေးသောင်း နှစ်ထောင့် ငါးရာ့လေးဆယ်) ကို၎င်း၊ ဦးဆင်မောင်ထွေးမှ ကြေးခေတ် ကြေးလက်နက်(၁)ခု၊ လှူဒါန်းခဲ့သည့် အတွက် ငွေကျပ် ၂၁၁၇၄/- (ကျပ် နှစ်သောင်းတစ်ထောင်တစ်ရာ့ခုနစ်ဆယ့်လေး)ကို၎င်း၊ ဦးချမ်းမောင်မှ သံခေတ် သံလက်နက်(၃)ခု လှူဒါန်းခဲ့သည့်အတွက် ငွေကျပ်၁၈၃၁၅ဝိ/- (ကျပ် တစ်သိန်းရှစ်သောင်း သုံးထောင်တစ်ရာ့ငါးဆယ်)တို့ကို ပြန်လည်ချီးမြှင့်ခဲ့ရာ ခေတ်နှစ်ခေတ်မှပစ္စည်းများမှာ သံခေတ်မှ သံလက်နက်(၂၁) ခု၊ သံခေတ်ကျောက်ပုတီး(၃)စေ့နှင့် ကြးေခတ်ကြေးခေတ်လက်နက်(၁)ခုတို့ အတွက်ဂုဏ်ပြုငွေ စုစုပေါင်းငွေကျပ် ၉၉၇၄၇ဝိ/- (ကျပ်ကိုးသိန်းကိုးသောင်း ခုနစ်ထောင်လေးရာ ခုနှစ်ဆယ်)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ(၆)ခုအားပေးအပ်ခဲ့ကြောင်း သိရ သည်။
ခင်ဝင်းကြည် (ပြန်/ဆက် )