နတ်မောက် အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံး တွင် UNESCO မှပေးပို့လာသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြသရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ဆောင်ရန်ရှောင်ရန်များ၊ မီဒီယာနှင့် သတင်းအချက်အလက်များ၊ လူမှုမီဒီယာပေါ်တွင်ဘေးကင်းလုံခြုံမှု အကြောင်းဆွေးနွေးရာ၌ ဆောင်ရန် ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ သိရှိနားလည်မှုရှိသော မိဘ အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး ဆိုင်ရာနည်းလမ်းများ၊ စကားအသုံးအနှုန်းပိုင်းကို သတိထား ကြည့်ရှု ပါ၊ ပုံရိပ်ရောင်နည်း ပညာသွားရောက်လေ့လာရာဝယ်၊ ကလေးများနှင့်အတူ ရုပ်ရှင်ကြည့်ပါ ၊ကလေး များနှင့်အတူ သတင်းကြည့်ရာဝယ် စသည့် အသိပညာပေးကြောင်းအရာမျိုးစုံကို ပြည်သူများကြည့်ရှု လေ့လာ နိုင်စေရန် ပြသထားခြင်းဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာပေး အကြောင်း အရာများကို အများပြည်သူ အသိ ပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြသထားခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံ မှသိရသည်။
သင်းသင်းဝေ (နတ်မောက်)