ဒဂုံမြို့နယ်အတွင်း အခွန်လွတ်ဈေးနှင့် ဒဂုံရိပ်သာဈေး၌ ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်ကြရေး အသံချဲ့စက်ဖြင့် နှိုးဆော်

ဒဂုံ အောက်တိုဘာ ၁၅


လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဈေးရောင်း၊ဈေးဝယ်ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏   လမ်းညွှန်ချက် များ အတိုင်း စနစ်တကျရောင်းချရေး  အသိပညာပေးနှိုးဆော်ခြင်းကို  ယမန်နေ့နံနက်ပိုင်းက   မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝင်များ၊ ဈေးတာဝန်ခံတို့က  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပန်တျာလမ်းအခွန်လွတ်ဈေးနှင့်ဒဂုံရိပ်သာဈေးတို့၌ ဆောင်ရွက်ကြောင်း သိရသည်။
နှိုးဆော်ရာတွင် ကိုဗစ်-၁၉  ကူးစက်မှုနှုန်း ပိုမိုများပြားလာမှုကြောင့်တစ်ဦးမှတစ်ဦးသို့ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ဈေးရောင်း၊ဈေးဝယ်ပြည်သူများအနေဖြင့် နှာခေါင်းစည်း(Mask) များ တပ်ဆင်ရာ၌မေးတွင် ချိတ်ထားခြင်း၊ နှာခေါင်းမလုံစွာ တပ်ဆင်ခြင်းမပြုကြရန်နှင့် အခြားကာကွယ်ရေးပစ္စည်းများ စနစ်တကျတပ်ဆင်ကြရန်အပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဆောင်ရန်၊ရှောင်ရန်အချက်များကို တိတိကျကျလိုက်နာခြင်းဖြင့်  ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း  အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။ 
ဇာဖြူဝင်း(ပြန်/ဆက်)