သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာ လူမှုကူညီရေးအသင်းမှ အိမ်ထောင်စု (၂၉၀)အား ထောက်ပံ့ ပစ္စည်းများ ပေးအပ်

သပိတ်ကျင်း အောက်တိုဘာလ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာ မဟာဂရုဏာလူမှု ကူညီရေးအသင်းမှ ဦးဆောင်၍ အလှူရှင်များစုပေါင်းကာ ကျေးရွာ အတွင်းရှိ အိမ်ထောင်စု(၂၉၀)အား ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျေးရွာနေပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် အတွက် သပိတ်ကျင်း မြို့နယ်၊ ကြာညှပ်ကျေးရွာ မဟာဂရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အသင်းသူ/အသင်းသားများမှ ဦးဆောင်၍ အလှူရှင်များစုပေါင်းကာ နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ ကြေးမရရှိသည့် အိမ်ထောင်စု (၂၉၀)အား ဆန်၊ ဆီ၊ ဆား အပါအဝင်ပစ္စည်း(၆)မျိုးအား (အိမ်ထောင်စုတစ်စု)လျှင် ၂၀၀၀၀ ခန့် တန်ဖိုးရှိ ပစ္စည်းများအား မဟာဂရုဏာလူမှုကူညီရေးအသင်းရုံးတွင် ယနေ့နံနက်(၇)နာရီမှ စတင်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)