ရွှေတောင် အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြိုပေါ်ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားရာနေရာများဖြစ်သည့် စျေးများ၊ ရပ်ကွက်များ၊ ကျေးရွာပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက ဖြစ်ပွားတက်သော ရောဂါလက္ခဏာများ၊ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ နေသင့်ကြောင်း မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ နေရပ်ပြန်များ ပြန်လည်ရောက်ရှိလာသူများရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့်သတင်းပေး ပို့ရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော ကျန်းမာရေးအသိပညာပေး ညွှန်ကြားချက်များကို လိုက်နာကြရန်၊ ထုတ်ပြန်ထားသော ဥပဒေများကို သိရှိလိုက်နာကြရန် သုံးဘီး မော်တော်ယာဉ်ဖြင့် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။
ကိုကိုမင်း(ပြန်/ဆက်)