သာကေတ အောက်တိုဘာ ၁၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ မြို့နယ်ဘောလုံးကွင်း၌ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့ တို့တွင် နံနက်(၉)နာရီမှ(၁၁)နာရီထိဖွင့်လှစ်ထားသော ဖျားနာကုဆေးခန်းတွင် ပြည်သူများအားပိုမိုဝန်ဆောင်မှု ပေးရန်အတွက် တယ်လီဒေါက်တာ (ဖုန်းမှတစ်ဆင့် ဆရာဝန်များနှင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်မည့်) အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေါက်တာမြတ်မိုးလွင်ထံမှ သိရသည်။
အဆိုပါ အစီအစဉ်ကို နေ့စဉ်နံနက်(၁၀)နာရီမှ မွန်းလွဲ(၂)နာရီအထိ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သိလိုသည်များကို ဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ မေးမြန်းမှုများကို စေတနာ့ဝန်ထမ်းဆရာဝန်များမှ ဖြေကြားပေးမည်ဖြစ်ပြီး တနင်္လာနေ့တွင် ဒေါက်တာခိုင်ဝါလွင်(ဖုန်း-၀၉၉၆၁၈၄၂၆၈၃)၊ အင်္ဂါနေ့တွင် ဒေါက်တာ မြတ်သူအောင်(ဖုန်း-၀၉၉၇၇၂၁၇၉၉၆)၊ ဗုဒ္ဓဟူးနေ့တွင် ဒေါက်တာခင်မြင့်ကြူ (ဖုန်း-၀၉၇၅၉၇၀၇၃၂၇)၊ ကြာသပတေးနေ့ တွင် ဒေါက်တာ ကောင်းပြည့်စုံသင်း(ဖုန်း-၀၉၇၇၂၇၁၄၉၉၆)၊ သောကြာနေ့တွင် ဒေါက်တာအောင်ခိုင်(ဖုန်း-၀၉၇၅၁၂၉၆၇၉၅)၊ စနေနေ့ တွင် ဒေါက်တာခင်မျိုးညွန့်(ဖုန်း-၀၉၇၇၉၃၀၉၅၁၅)၊ တနင်္ဂနွေနေ့တွင် ဒေါက်တာသိင်္ဂီစန်း(ဖုန်း-၀၉၉၇၇၀၇၃၃၇၃) တို့ကို ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းနိုင်ကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)