ရန်ကုန် အောက်တိုဘာ ၁၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Quarantine Centre (၃) ခုတွင် တာဝန်ထမ်း ဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် အာဟာရအလှူဒါနအဖြစ် ထမင်း ကြော်နှင့် ခေါက်ဆွဲကြော် (၂၅၀) ဘူးကို အလှူရှင်များမှ ယမန်နေ့နံနက်ပိုင်းက သိမ်ဖြူလက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre သို့ လာရောက်လှူဒါန်းပေးခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်များဖြစ်ကြသည့် မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သပြေကုန်းရပ်ကွက်မှ ကိုသူရိန်စန်းလွင်နှင့် ကိုဇော်မင်းတို့က မြို့နယ်အတွင်းဆောင်ရွက်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကန့်သတ်စောင့် ကြည့်သည့်နေရာများဖြစ်သော သိမ်ဖြူလက်ဝှေ့ရုံ နှင့် အ.ထ.က (၄) ကျောင်းရှိ Community Based Facility Quarantine Centre နှင့် အ.ထ.က(၁) ကျောင်းရှိ အနံ့ပျောက်သူများထားရှိသည့် Anosmia Centre တို့တွင် တာဝန် ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အတွက် ထမင်းကြော်နှင့် ခေါက်ဆွဲကြော် (၂၅၀) ဘူးအား လာရောက်လှူဒါန်းခဲ့ကြရာ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌ ဦးမြင့်ဇော်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။
ချစ်စုဝေ (ပြန် / ဆက်)
၀၉-၇၆၀ ၄၂၄ ၆၂၆