မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အောက်စီဂျင်ဆလင်ဒါများကို အနံ့မရသူများသာသီးသန့်ထားရှိသည့် အသွားအလာကန့်သတ် စောင့်ကြည့်နေရာ များသို့ ပေးအပ်

မြောက်ဥက္ကလာပ     အောက်တိုဘာ ၁၅


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်မှ လှူဒါန်းထားသော အောက်စီဂျင် ဆလင်ဒါများကို အနံ့မရသူများသာသီးသန့်ထားရှိသည့် အသွားအလာကန့်သတ် စောင့်ကြည့်နေရာများအတွက်  ယမန်နေ့ ညနေ ၄ နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဇော်က အနံ့မရရှိသူများသာ ထားရှိသည့် ဝေဘာဂီရပ်ကွက် အ.ထ.က(၇)ကျောင်း၊ (က)ရပ်ကွက်ရှိ အ.ထ.က(၂)ကျောင်း၊ (ဆ)ရပ်ကွက်ရှိ အ.ထ.က(၁)ကျောင်းရှိ အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာများအတွက် အောက်စီဂျင်ဆလင်ဒါ(၁)လုံးစီ ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
မြမြဝင်း(ပြန်/ဆက်)