ပန်းတောင်း အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၌ နေအိမ်ပြင်ပ ထွက်ခွာ သွားလာသူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေး အရှိန်အဟုန်မြှင့် တပ်ဆင်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း လူစည်ကားရာနေရာများ မြို့မစျေး အဝင်/အထွက် အပေါက်နေရာများတွင် အဖွဲ့ခွဲ၍ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိဦးတိုးအောင်လွင်တို့က ဦးဆောင်၍ ကိုဗစ် ၁၉ရောဂါ တားဆီးရေးကော်မတီဝင်များ၊ စျေးကော်မတီဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ ဥသျှစ်ပင်မြို့ အတွင်း လူစည်ကားရာနေရာဖြစ်သော ဥသျှစ်ပင်မြို့မ စျေး အဝင်/အထွက် နေရာတို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ကာလအတွင်း နေအိမ်ပြင်ပ ထွက်ခွါသွားလာသူများအား နှာခေါင်းစည်း Maskများ တပ်ဆင်ပြီးမှ အပြင်ထွက်စေရန်နှင့် စျေးသူ၊စျေးသားများအား နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ စျေးအတွင်းသို့ ဝင်ရောက်ကြစေရန် အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)