ဒိုက်ဦး အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ကန်ဦးဖောင်ဒေးရှင်းခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်၊ ပညာရေးဂုဏ်ပြုချီးမြှင့်ရေးပရဟိတအသင်းက ဒိုက်ဦးမြို့နယ်လုံးကျွတ် အ.မ.ကများ အာစရိယပူဇော်ပွဲတွင် ပူဇော်ခံပါဝင်ပြီး မြို့နယ်အတွင်း အခြေချနေထိုင်သူ အသက်(၇၀)နှစ်အထက် ဆရာကြီး၊ ဆရာမကြီးများအား ကိုဗစ် ကာလ အထောက်အပံ့ ဖြစ်စေရေး အလှူငွေပူဇော်ငွေပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး(ရှေ့)ဒိုက်ဦးမြို့နယ်၊ ပညာရေးဂုဏ်ပြုချီးမြှင့်ရေးဥက္ကဋ္ဌ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဇော်မြင့်လွင်က အလှူငွေပူဇော်ပေးအပ်ရခြင်း၏ ရည်ရွယ်ချက် ကိုပြော ကြားပြီးနောက် အပူဇော်ခံဆရာ/ဆရာမကြီး (၁၆)ဦးအား တစ်ဦးလျှင် ငွေကျပ်(၁)သိန်းစီ ပေးအပ်လှူဒါန်းကြရာ ဆရာကြီး/ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးမြင့်တင်က ဆုချီးမြှင့်စကားပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ဒိုက်ဦး)