လှိုင် အောက်တိုဘာ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းနေထိုင်ကြသော ပြည်သူများကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ် ပြင်ပထွက်ခွာသူများ၊ စျေးရောင်းသူများနှင့် စျေးဝယ်သူများအား ပါးစပ်၊နှာခေါင်းစည်း(Mask)များတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးကြပ်မတ် ခြင်းကိုယမန်နေ့နံနက်(၈)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များမှ မြို့နယ်တွင်းရှိစျေးများနှင့် လူစည်ကားရာနေရာများတွင် အဖွဲ့များ ခွဲကာနေအိမ်ပြင်ပထွက်ခွာသူများ၊ စျေးရောင်း၊စျေးဝယ်များအား ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းရှိ၊မရှိစစ်ဆေးကြပ် မတ်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် mask တပ်ဆင်လာခြင်းမရှိသူများအား တစ်ဦးလျှင် ဒဏ်ငွေအဖြစ်ငွေကျပ် ၂၀၀ စီကိုပေးဆောင်စေခြင်းနှင့် နေအိမ်ပြင်ပထွက်ခွာတိုင်း Mask မဖြစ်မနေတပ်ဆင်ရန်နှင့် Social Distancing နှင့် အညီနေထိုင်ကြရန် သတိပေးပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပြီး စစ်ဆေးချိန်တွင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်လာခြင်းမရှိသူ (၁၁)ဦးအား အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)