လိပ်သို အောက်တိုဘာ ၁၅
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံ ကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့ နံနက် ၉ နာရီအချိန်က ပြသထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ကာကွယ်စို့၊ သံသယဖြစ်ဖွယ် ရောဂါလက္ခာဏာများ၊ ရောဂါကူးစက်နိုင်ခြေ ရှိသည့် နည်းလမ်းများ၊ ကိုဗစ်ကို အတူတိုက်ကြစို့၊ ကိုဗစ်-၁၉ ရောဂါ အကြောင်း သိကောင်း စရာများ၊ ကူးစက်ပုံ ကူးစက်နည်းများ စသည့်သိကောင်းစရာများကို ပြသထားသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ပိုစတာများနှင့် ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် ပိုစတာများ၊ လက်ကမ်း စာစောင် အသိပညာပေး ပိုစတာတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသထား ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)