ဝေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဝေါမြို့နယ်ပညာရေး မိသားစုမှ အလှူငွေများ လှူဒါန်း

ဝေါ အောက်တိုဘာ ၁၅

ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့ နံနက်ပိုင်းက ပညာရေးမိသားစုမှ အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အသုံးပြုရန်အတွက် ဝေါမြို့နယ်ပညာရေး ဝန်ထမ်းမိသားစုမှ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဝင်းနှင့် ဆရာ၊ဆရာမများက စုပေါင်းလှူ၍ အလှူငွေကျပ်(၂၅)သိန်းနှင့် Together Waw ပရဟိတအဖွဲ့သို့ ငွေကျပ်(၆၅၂၄၀၀) လှူဒါန်းရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးကြည်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သန်း၊ ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် Together Waw ပရဟိတအဖွဲ့တို့က အလှူငွေများ လက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)