၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေး စည်းဝေး

ရန်ကုန် အောက်တိုဘာ ၁၅


    
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အထွေထွေရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့် မြို့နယ်များတွင် အသက် (၆၀) နှစ်အထက်နှင့် နာမကျန်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို အောက်တိုဘာ ၂၉ ရက်နေ့တွင် စတင်ကောက်ယူရေး၊ Quarantine center နင့် covid-19 medical center များရှိ မဲဆန္ဒနယ်ပြင်ပ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲကို အောက်တိုဘာ ၁၆ ရက်နေ့တို့၌ စတင်ကောက်ယူနိုင်ရေး၊ ဆန္ဒမဲသက်သေခံလက်မှတ် ထုတ်ပေးရေးနှင့် မဲရုံမှူး၊ ဒုတိယရုံမှူး သင်တန်းများကို Covid-19 ညွန်ကြားချက်နှင့်အညီ ဖွင့်လှစ်သွားရေး တို့အား ရှင်းလင်းမှာကြား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိနှင့် အတွင်းရေးမှူးက လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ရမည့် သတ်မှတ်ရက်များကို ရှင်းလင်း တင်ပြပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့၏ တင်ပြဆွေးနွေး မှုများအား ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ က လိုအပ်သည် များအား ပေါင်းစပ်ညှိနှိုင်းကာ  ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)