ပေါင်းတည်မြို့တွင် ကိုဗစ်ကာလအတွင်းအနှေးယာဉ်ဆိုက်ကားဆရာများ ဆိုင်ကယ်ကယ်ရီများအား အလှူရှင်များက အခြေခံစားသောက်ကုန်ပစ္စည်းနှင့် Maskတို့အား ထောက်ပံ့လှူဒါန်း

ပေါင်းတည် အောက်တိုဘာလ ၁၅

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့တွင် ကိုဗစ်ကာလအတွင်း အနှေးယာဉ်ဆိုက်ကားဆရာများ ဆိုင်ကယ်ကယ်ရီများအား မြို့နယ် မမများအဖွဲ့နှင့် ရပ်နီး/ရပ်ဝေးမှ အလှူရှင်များက အခြေခံစားသောက် ကုန်ပစ္စည်းဖြစ်သည့်  ဆန်၊ ဆီ၊ ဆေး၊ ဆားနှင့် Mask တို့အား ထောက်ပံ့လှူဒါန်းခြင်းကို  ယနေ့နံနက် ၉နာရီက ပေါင်းတည်မြို့ ရွှေတောင်လမ်း ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ပြန်/ဆက်ဦးစီးဌာနရုံးရှေ့၌ ကျန်းမာရေးဝ န်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထောက်ပံ့လှူဒါန်းပေးအပ် ခဲ့ကြောင်းသိရသည်။

လှူဒါန်းရာတွင် ကိုဗစ်-၁၉ ကာလအတွင်း မြို့နယ်ရှိ အနှေးယာဉ် ဆိုက်ကားလုပ်သားကြီးများ နှင့်ဆိုင်ကယ်ကယ်ရီသမား စုစုပေါင်း ၄၀၀ကျော်အား ဒေါ်အိအိငြိမ်းနှင့်ဒေါ်ဝေသက်နှင်းတို့ဦးဆောင်သည့် ဒေသခံ မမများအဖွဲ့က စုပေါင်းလှူဒါန်းငွေကျပ် ၁၅သိန်းကျော်တန်ဘိုးရှိ  အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်၊ဆီ၊ဆေး၊ဆားနှင့်Mask တို့အား ထောက်ပံ့လှူဒါန်းခဲ့ရာ လှူဒါန်းရာတွင်စနစ်တကျရှိရေး လူစုလူဝေးမဖြစ်ပေါ် စေရေးအတွက် မြန်မာနိင်ငံရဲတပ်ဖွဲ့  မြို့နယ်ပြန်/ဆက်ဦးစီးဝန်ထမ်း ဦးတင်ဝင်းဇော် စျေး ၂ ရပ်ကွက် ဟင်္သာကန်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးတင်ထွန်း ဦးမြင့်ထွေးနှင့် အုပ်ချုပ်ရေး  အဖွဲ့ဝင်များ  အရံမီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ် စေတနာ့ဝန်ထမ်းအဖွဲ့များက ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက် ပေးခဲ့ကြ ကြောင်း  သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်