လှိုင်မြို့နယ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်စင်တာများသို့ နံနက်စာ၊ နေ့လည်စာနှင့် ညနေစာများအတွက်​​ ငွေများ လာရောက်လှူဒါန်း

လှိုင်  ​အောက်တိုဘာ   ၁၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများ ဖြစ်ကြသည့် Quarantine Center(၅)ခုရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့နံနက်ပိုင်းက ​နံနက်စာ၊ နေ့လည်စာ နှင့် ည​နေစာတစ်ရက်စာအတွက် အလှူ​ငွေများအား ကမာရွတ် နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ လှူဒါန်းခဲ့ပါသည်။   

ထိုကဲ့သို့ လာ​ရောက်လှူဒါန်းရာတွင် လှိုင်မြို့နယ်(၈)ရပ်ကွက်၊ ဦးချိုလမ်းရှိ ကမာရွတ်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ Hlaing Quarantine Center 1, 2, 3 , 4 , 5 များအတွက် တစ်ရက်တာ နံနက်၊နေ့လည်၊ညစာများ ကျွေးမွေးရန် အလှူငွေ(၁၇)သိန်းကျပ်အား ပေးအပ် လှုဒါန်းရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးနှင့် တိုင်း​ဒေသကြီး(၁) လွှတ်​တော်ကိုယ်စားလှယ် ဦးကျော်​ကျော်ထွန်းတို့က ယမန်​နေ့နံနက်ပိုင်းက ကမာရွတ်ခရစ်ယာန်အသင်း​တော်တွင် လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

လှိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထား​သော Hlaing Quarantine Center များတွင် Quarantine ဝင် ရောက်နေသူများနှင့် Volunteers စုစု​ပေါင်း(၄၀၀) ဦးခန့်အတွက် နံနက်စာ၊နေ့လည်စာနှင့်ညနေစာများအား အာဟာရဒါနအဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်၍ လှိုင်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် လွှတ်​တော် ကိုယ်စားလှယ်များက လက်ခံရယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အနောက် ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်စင်တာများကို အမက(၂၆)၊ အလက(၅)၊ လှိုင် တက္ကသိုလ်နယ်​​မြေရှိ​ မေခ​ဆောင်၊ ဒူးယား​ဆောင်၊ ဇွဲကပင်​ဆောင်တို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ အဆိုပါ အ သွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက နေ့စဉ်အလှူငွေများ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)